စစ်ကိုင်းတိုင်း ရွှေဘိုမြို့အမှတ် ၄ ရပ်ကွက်က စည်ပင်သာယာဈေး မီးလောင်မှုနဲ့ ပတ်သက်ပြီး ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ရွှေဘိုဈေး မီးလောင်ချိန်ဟာ ညမထွက်ရအမိန့်ရှိနေပြီး ညစောင့်ကင်းတွေ မရှိဘဲ ပြည်သူတွေ အပြင်မထွက်ချိန် စစ်ကောင်စီတပ်တွေသာ လုံခြုံရေးယူထားတဲ့ ရွှေဘိုနန်းတော်အနီး ဈေးကြီး မီးလောင်မှုဟာ စစ်ကောင်စီအပေါင်းအပါတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်အနေနဲ့ အများပြည်သူပိုင်တွေ၊ အသက်အိုးအိမ်တွေကို ဖျက်ဆီးတဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါတွေအားလုံးကို ရှင်းသွားမယ်လို့ ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။