စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF(WetLet) ဖွဲ့စည်းလိုက်တယ်လို့ မေ ၁၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
အကြမ်းဖက်စစ်ကောင်စီကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်ပြီး မိမိတို့ရဲ့ ရပ်ရွာတွေကို ကာကွယ်ပေးနေတဲ့ ရဲဘော်တွေနဲ့ PDF (WetLet) ကို တည်ထောင်လိုက်တာလို့ သိရပါတယ်။
ကြေညာချက်မှာတော့ ဝက်လက်မြို့နယ်နဲ့ဝန်းကျင်မှာ အာဏာရှင်ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေကို စစ်အကြမ်းဖက်များရဲ့ အန္တရာယ်က ကာကွယ်ဖို့၊ CDM ဆောင်ရွက်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ကာကွယ်ဖို့၊ အကြမ်းဖက်စစ်ကောင်စီကို ပြောက်ကျား စနစ်နဲ့ ဆန့်ကျင်ခုခံဖို့၊ တော်လှန်ရေးကို တခြားမြို့နယ်တွေနဲ့ ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်ဖို့နဲ့ NUG၊ CRPH၊ SPDF တို့နဲ့ ချိတ်ဆက်ပြီး အာဏာရှင်စနစ် အကြွင်းမဲ့ ချုပ်ငြိမ်းရေးကို နည်းစနစ်တကျ ဖော်ဆောင်ဖို့ ထည့်သွင်းဖော်ပြထားပါတယ်။
PDF (WetLet) ကို ဝက်လက်မြို့နယ်က ကျေးရွာအုပ်စု ၆၉ အုပ်စုနဲ့ ရပ်ကွက် ၃ ခုက စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေကြတဲ့ GY၊ GZ တွေ အားလုံးရဲ့သဘောတူညီချက်နဲ့အညီ ဖွဲစည်းလိုက်တာလို့လည်း သိရပါတယ်။