Home
မြန်မာသတင်း
ဗကသ ကျောင်းသား ဆလိုင်းလောရှိန်းကီးနှင့် ကိုနိုင်လင်းအောင်တို့ကို ထောင်ဒဏ် ၃ နှစ်စီချ
DVB
·
May 14, 2021

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အဖမ်းခံလိုက်ရတဲ့ ဗကသ ကျောင်းသား ဆလိုင်းလောရှိန်းကီးနဲ့ ကိုနိုင်လင်းအောင်တို့ကို မေလ ၁၃ ရက်နေ့မှာ ထောင်ဒဏ်သုံးနှစ်စီ ချမှတ်လိုက်ပြီလို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက အဆိုပါ ကျောင်းသားနှစ်ဦးဟာ Non CDM ပခုက္ကူတက္ကသိုလ်ပါမောက္ခချုပ်ကို တွေ့ဖို့ တက္ကသိုလ်ဝန်းထဲ ရောက်သွားတဲ့အချိန်မှာ အကြမ်းဖက်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ 

ကျောင်းဝင်းထဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးစတစ်ကာတွေကပ်နေရင်း အဖမ်းခံလိုက်ရတာဖြစ်ပြီး ပုဒ်မ ၅၀၅(က) ၅၀၅ (ဂ) တို့နဲ့ တရားစွဲဆိုခံလိုက်ရတာဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်ကာလ မန္တလေး နာရီစင်မှာ ရခိုင်အရေး ပြည်တွင်းစစ်ရပ်စဲရေး ဆန္ဒပြလှုပ်ရှားမှုတွေကြောင့် ပုဒ်မ ၅၀၅၊ ငြိမ်းစုစီပုဒ်မ ၁၉ တို့နဲ့ အဲ့ဒီ့ကတည်းက တရားစွဲဆိုခံထားရတာလည်း ဖြစ်ပါတယ်။

ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆလိုင်းလောရှိန်းကီးဟာ ဓာတုဗေဒ ဂုဏ်ထူးတန်းကျောင်းသားဖြစ်ပြီး အထွေထွေအတွင်းရေးမှူး ကိုနိုင်လင်းအောင်ကတော့ သတ္တဗေဒ တတိယနှစ်ကျောင်းသားဖြစ်ပါတယ်။

ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက "ကျောင်သားတွေဟာ ဒီနွေဦးတော်လှန်ရေးမှမဟုတ်ဘူး၊ အာဏာရှင်စနစ်ကျဆုံးရေး ပြည်တွင်းစစ်ရပ်စဲရေး နဲ့ ဖက်ဆစ်ဆန့်ကျင်ရေးတို့အတွက် အမြဲတမ်းအသံထွက်ပေးခဲ့တယ်။ ကျဆုံးသွားတဲ့ သူရဲကောင်းတွေ၊ အထဲရောက်နေတဲ့ ကျောင်းသားပြည်သူတွေနဲ့ CDM ဝန်ထမ်းတွေအတွက် ကျမတို့ကျောင်းသားတွေ အာဏာရှင်ဆန့်ကျင်ရေး ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲ အဆုံးထိသွားမယ်'' လို့ ပြောပါတယ်။

နွေလှိုင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024