စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ပူးပေါင်းပြီး စစ်အာဏာရှင်အပြီးတိုင်ဖြုတ်ချရေးနဲ့ စစ်ကျွန်ပညာရေးအလိုမရှိကြောင်းဆန္ဒဖော်ထုတ်ပွဲကို မေလ ၁၄ ရက်နေ့က အင်အားထောင်ချီနဲ့ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြရာမှာပါဝင်တဲ့ ပြည်သူတစ်ဦးက "အခု CDM လုပ်ထားတဲ့သူတွေဟာ သူရဲကောင်းတွေဖြစ်တယ်။ ကျမတို့ရဲ့ မြင်ကွင်းအာရုံတွေထဲမှာ ပျောက်ကွယ်ကောင်း ပျောက်ကွယ်နိုင်ပေမယ့် နှလုံးသားထဲမှာတော့ အမြဲရှိနေမှာ"လို့ ပြောပါတယ်။
မြို့နယ်ပူးပေါင်းသပိတ်ဟာ မြောက်ယမားချောင်းအနီးက ယင်းမာပင်မြို့နယ် အရှေ့ပိုင်းက ကျေးရွာတွေနဲ့ ဆားလင်းကြီးမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေစုပေါင်းပြီး စစ်အာဏာရှင်အပြီးတိုင်ဖြုတ်ချရေးသပိတ်ကို နေ့တိုင်း ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်နေတာ ဖြစ်ပါတယ်။