Home
အနုပညာ
မြန်မာပြည်အတွက်ဆုတောင်းပေးကြရန် မြန်မာအလှမယ် ဆန္ဒထုတ်ဖော်
DVB
·
May 14, 2021

အမေရိကန်ပြည်ထောင်စုမှာ ကျင်းပနေတဲ့ မယ်စကြဝဠာပြိုင်မှာ  မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သူဇာဝင့်လွင်က မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့ ဆန္ဒထုတ်ဖော်သွားခဲ့ပါတယ်။

မနေ့က မယ်စကြဝဠာပြိုင်ပွဲရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့  (National Costume) အမျိုးသားဝတ်စုံပြိုင်ပွဲမှာ ကမ္ဘာ့နိုင်ငံအသီးသီးက အလှမယ်တွေက နိုင်ငံအလိုက်ဆန်းသစ် တီထွင်ထားတဲ့ ရိုးရာဒီဇိုင်းဝတ်စုံတွေနဲ့ ဝင်ပြိုင်ခဲ့ကြရာမှာ မြန်မာအလှမယ် အလှမယ် သူဇာဝင့်လွင်ကလည်း ချင်းတိုင်းရင်းသားရိုးရာဝတ်စုံနဲ့ ဝင်ပြိုင်ခဲ့ပါတယ်။

ဒါအပြင် “ Pray For Myanmar” လို့ရေးထားတဲ့ စာရွက်ကို   စင်မြင့်ထက်ကနေ ဖွင့်ပြကာ ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ မယ်စကြဝဠာပြိုင်ပွဲ နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို မေလ ၁၆ ရက်နေ့ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ဟောလီးဝုဒ်မှာ ကျင်းပမှာဖြစ်ပါတယ်။

 အသက် ၂၂ နှစ်အရွယ် မြန်မာအလှမယ် သူဇာဝင့်လွင်ဟာ ၂၀၂၀ ပြည့်နှစ် မြန်မာမယ်စကြဝဠာပြိုင်ပွဲမှာ ဟားခါးကိုယ်စားပြုအလှမယ်အနေနဲ့ ဝင် ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Miss Universe Myanmar ဆုအပြင် Title ဆုတွေအနေနဲ့ Miss Healthy Skin ဆု၊ Miss Photogenic ဆု၊ Miss Dentiste ဆု၊ Best in Evening Gown ဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး Title ဆုအများဆုံးဆုရှင်လည်း ဖြစ်ခဲ့ပါတယ်။

Photo- Miss Universe

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024