အာဂျင်တီးနားနိုင်ငံရဲ့ မြို့တော် ဗျူးနော့စ်အေးရီးစ်က လမ်းတွေပေါ်မှာ သူနာပြုတွေ မေ ၁၂ ရက်က ချီတက်ခဲ့ကြပြီး လုပ်ခလစာနဲ့ လုပ်ငန်းခွင် အခြေအနေတွေ ပိုကောင်းအောင် လုပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
နိုင်ငံအတွင်းမှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ဦးရေ ၃ ဒသမ ၂ သန်းနီးပါး ရှိပြီး ကူးစက်ခံ ၆၈၃၁၁ ယောက် ရှိနေတာပါ။
ဆန္ဒပြသူတွေဟာ ဓာတ်မီးတွေ ထိုးရင်း နဖူးစည်း စာတမ်းတွေကို ကိုင်ဆောင်ကာ အမျိုးသားလွှတ်တော်ကနေ သမိုင်းဝင် ပလာဇာဒေ မာယိုရင်ပြင်ဆီ ချီတက်ခဲ့ကြပါတယ်။
ကိုဗစ်-၁၉ ကူးစက်ခံလူနာတွေကို ကုသနေရတဲ့ သူနာပြုတွေရဲ့ နေ့တွေဟာ ပင်ပန်းလွန်းတယ်လို့ အထူးကြပ်မတ် ကုသဆောင်က သူနာပြုက ပြောပါတယ်။
အင်မတန် အသည်းအသန်ဖြစ်နေတဲ့၊ အင်မတန် ရှုပ်ထွေးတဲ့ ကျန်းမာရေး အခြေအနေ ရှိနေတဲ့ လူနာတွေကြောင့် အင်မတန် ခြေကုန်လက်ပမ်းကျကြရတဲ့အပြင် တကိုယ်ရည် ကာကွယ်ရေးပစ္စည်းတွေကို တချိန်လုံး ဝတ်ထားရကာ လူနာတွေကို နာရီပေါင်းများစွာ ကုနေရပြီး ဗိုင်းရပ်စ်နဲ့ တချိန်လုံး ရင်ဆိုင်နေရတယ်လို့ သူနာပြုတွေက ပြောပါတယ်။
သူနာပြုတွေနဲ့အတူ ခွဲခန်းသုံး ပစ္စည်းနည်းပညာရှင်တွေနဲ့ ကျန်းမာရေး လက်ထောက်တွေလည်း ချီတက်ပွဲမှာ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။