မန္တလေးတိုင်း၊ မတ္တရာမြို့ အမှတ်၂ မြို့သစ်ကျောင်း ရပ်ကွက်အုပ်ချုပ်ရေးရုံးအနီးမှာ မေလ ၁၃ ရက် ည ၇ နာရီ ၁၀ မိနစ်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
" အသံကျယ်ကြီး ကြားရတယ်။ မေးကြည့်လိုက်တော့ ရပ်ကွက်ရုံးနေရာက ပေါက်တာလို့ပြောတယ်။ အားလုံးလည်းလန့်သွားကြတယ်။ ရပ်ကွက်ရုံးဆိုရင်တော့ ပျော်တာပေါ့'' လို့ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာ အနီးနေအိမ်က ပြည်သူတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အဲဒီနေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ချက်ချင်းရောက် လာကြတယ်လို့ သိရပါတယ်။
အပျက်အစီး ထိခိုက်မှုအခြေအနေကိုတော့ သွားကြည့်လို့မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။