Home
မြန်မာသတင်း
အနာဂတ်ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ညှိနှိုင်းဆွေးနွေးရန် ကေအန်ယူ ဒူးပလာယာ ဥက္ကဋ္ဌ တိုက်တွန်း
DVB
·
May 13, 2021

အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် ညှိနှိုင်းဆွေးနွေးအဖြေရှာ ကြတဲ့နည်းလမ်းသည်သာ နိုင်ငံသားများအတွက် ကောင်းကျိုးဖြစ်စေပြီး ငြိမ်းချမ်းသာယာသော ပြည်ထောင်စု ဖြစ်တည်စေမှာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ဒူပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွေမောင်းက ဒီကနေ့ မေလ ၁၃ ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန်ပါတယ်။

လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့  အတူ နိုင်ငံတကာရှေ့မှောက်မှာ ကတိကဝတ်ပြုထားကြသည့်အတိုင်း အနာဂတ်ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ဖို့ ညှိနှိုင်းဆွေးနွေး အဖြေရှာတဲ့နည်းလမ်းသာ လျှင် ကောင်းကျိုးဖြစ်စေမှာဖြစ်ကြောင်း ထုတ်ပြန်ထားတာပါ။

ဒါ့ကြောင့် ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ဥက္ကဋ္ဌရဲ့ ရပ်တည်ချက်သဘောထားဟာ မိမိတို့ အမျိုးသားထုရဲ့ ပြည်ထောင်စုသားအားလုံးရဲ့ ကောင်းကျိုးကို ဖြစ်ထွန်းစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပဒိုရွှေမောင်းရဲ့ နောက်ထပ် ထုတ်ပြန်ထားတဲ့ စာတစောင်မှာလည်း ကေအန်ယူအနေနဲ့ ဗြိတိသျှအစိုးရဲ အုပ်ချုပ်မျုအောက်ကစတင်က ဥပဒေနဲ့အညီ အမျိုးသားရေးကို ဆောက်ရွက်လာခဲ့တဲ့အဖွဲ့ဖြစ်ပြီး ဖဆပလ ဦးနု အစိုးရ လက်ထက်တွင်  မတရားအသင်းအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း ၊ ဦးသိန်းစိန်အစိုးရလက်ထဲမှာ မတရားအသင်းမှ ပယ်ဖျက်ပြီး တရားဝင် အဖွဲ့အစည်းတရပ်အဖြစ် တည်ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ နိုင်ငံရေးအခင်းအကျင်းမှာ အသုံးချခံ အဖွဲ့တရပ်အနေနဲ့ မရပ်တည်သင့်ကြောင်းနဲ့ ကိုယ်ပိုင် ရပ်တည်ချက်ချက် ကိုယ့်လမ်းစဉ်ကိုယ့်မူဝါဒအတိုင်း ရပ်တည်ရမည်ဖြစ်ကြောင်း ဖော်ပြပါတယ်။

မူဝါဒ လမ်းစဉ်အတိုင်း မှန်ကန်စွာ ဆောင်ရွက်ပါက တမျိုးသားလုံး မျှော်မှန်းချက် ပြည့်ဝစေနိုင်မှာဖြစ်ကြောင်းနဲ့ လွဲမှားမည်ဆိုပါက ပြည်လည်ရယူထားပြီးဖြစ်တဲ့ အခွင့်အလမ်း ဂုဏ်သိက္ခာတို့လည်း ကွယ်ပျောက်သွားကာ မတရားအသင်းအဖြစ် သတ်မှတ်ခြင်းခံရနိုင်တဲ့ အခြေအနေ ပြန်လည်ရောက်ရှိသွားနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

မေလ ၁၀ ရက်နေ့ကလည်း ကေအန်ယူ ဥက္ကဋ္ဌ စောမူတူးစေးဖိုးက ကေအန်ယူအနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) မူဘောင်ကို လိုက်နာကျင်းသုံးခြင်းကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး သက်ဆိုင် သူအားလုံးအနေနဲ့ အန်စီအေ မူဘောင်များအတိုင်း တိကျလိုက်နာကျင့်သုံးပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြဖို့ တိုက်တွန်းထားခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၁ ခု မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲအချိန်အခါ အခြေအနေတခုမှာ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းလာကြသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်ရတဲ့အတွက် နို်ငငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံ ဆွေးနွေးအဖြေရှာဖို့ ထုတ်ပြန် တိုက်တွန်းခဲ့ပါတယ်။

ကေအန်ယူခေါင်းဆောင်ရဲ့  ထုတ်ပြန်ချက်အပေါ် ကရင်လူငယ်တွေပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကလည် ဝေဖန်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024