ရွှေဘိုမြို့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးလောင်
DVB
·
May 13, 2021
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အမှတ် (၄) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မေလ ၁၃ ရက် ဒီနေ့ မနက် ၃ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ရွှေဘို အမှတ် ၄ရပ်ကွက်ဒေသခံတစ်ဦးက “ဘယ်ကနေ မီးလောင်တယ်ဆိုတာ မသိရပါဘူး။ မနက် ၃ နာရီဆိုတော့ လူတွေအိပ်နေချိန်ဆိုတော့ ရပ်ကွက်ရုံးတော့ မီးလောင်ပြီး ပြာကျသွားတယ်။ လူတွေ ထိခိုက်တာမရှိဘူး” လို့ပြောပါတယ်။
အဆိုပါ မီးလောင်မှုနဲ့ ပတ်သက်ပြီး ပစ္စည်းတွေ တန်ဖိုးဘယ်လောက် ပျက်စီးဆုံးရှုံးခဲ့တယ်ဆိုကိုတော့ မသိရသေးပါဘူး။