မကွေးမြို့နယ်၊ သန်းတောကုန်းကျေးရွာမှာ မေလ ၁၁ ရက် ညက နေအိမ်တွေကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မွှေနှောက်ပြီး လူငယ် ၄ ယောက်ကို ဖမ်းဆီးသွားပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကတော့ ကိုရဲမင်းနိုင်၊ ကိုထွန်းကို၊ ကိုအောင်နိုင်ဝင်းနဲ့ ကိုဇော်မြင့်တို့ ဖြစ်ပြီးတော့ အသက်မပြည့်သေးတဲ့ လူငယ် ၂ ယောက်ပါဝင်တယ်လို့ ဒေသခံရွာသား တစ်ဦးက ပြောပါတယ်။
လူငယ် ၄ ယောက်ကိုတော့ ညမထွက်ရအမိန့် ချိုးဖောက်လို့ ဖမ်းဆီးတာဖြစ်ပြီးတော့ မကွေးနယ်မြေရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးတဲ့အချိန်မှာ ဒုတ်တွေနဲ့ ရိုက်နှက်ပြီးတော့ စစ်ဖိနပ်တွေနဲ့လည်းဆောင့်ကန်တဲ့အပြင် ရွာထဲမှာ သေနတ် ၆ ချက်လောက်ပစ်ဖောက်တယ်လို့ ဒေသခံက ပြောပါတယ်။
သန်းတောကုန်းရွာက စစ်အာဏာရှင်ပြုတ်ကျရေး လှုပ်ရှားတဲ့သူတွေရဲ့နေအိမ်တွေကို ဝင်မွှေတာဖြစ်ပါတယ်။