မော်လမြိုင်လူငယ်တွေ အကြမ်းဖက် စစ်ကောင်စီကို ဆန္ဒပြ
DVB
·
May 12, 2021
မော်လမြိုင်လူငယ်တွေဟာ မေလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ပြောက်ကျားသပိတ် ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ်တွေကတော့ စစ်အာဏာရှင်ကို အမြစ်ပြတ်တဲ့အထိ တော်လှန်သွားမယ်လို့ ကြွေးကြော် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
မော်လမြိုင်လူငယ်တွေဟာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို နေ့စဉ်နဲ့အမျှ ဆက်လက် တော်လှန်နေတာပါ။