Monday, May 29, 2023
Homeမြန်မာသတင်းထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပြီး ဆန္ဒပြသူအချို့ ဖမ်းဆီးခံရ

ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပြီး ဆန္ဒပြသူအချို့ ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ မေလ ၁၁ ရက်မနက်က စစ်အာဏာရှင်ဆန့်ကျင် သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြဖို့ ငြိမ်းချမ်းစွာလူစုဝေးနေစဉ် အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့ဝင်တွေက လာရောက်ဖြိုခွင်းခဲ့ပါတယ်။

ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်မှာ ဒီမနက် ၉ နာရီလောက်က  ထားဝယ်တပ်ပေါင်းစုသပိတ် စစ်ကြောင်းကို ရဲ၊ စစ်ယူနီဖောင်းဝတ်နဲ့ အရပ်ဝတ်အသွင်ယူထားကြတဲ့ စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ဝင် ခန့်မှန်း အင်အား ၃၀ ကျော်က အသံဗုံး၊ ရာဘာကျည်၊ ကျည်အစစ်တွေနဲ့ တရပ်စပ် ပစ်ခတ်ဖြိုခွင်းခဲ့တာလို့ စစ်ကြောင်းမှာပါဝင်သူ တစ်ဦးက ပြောပါတယ်။

“Vigo ကားနှစ်စီးနဲ့ လမ်းထဲ အမြန်မောင်းဝင်လာပြီး၊ မရောက်ခင်ကတည်းက ကားပေါ်ကနေ တရစပ်လှမ်းပစ်ကြတယ်” လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။

အကြမ်းဖက် ပစ်ခတ်၊ ဖမ်းဆီးမှုတွေကြောင့် သေနတ်ဒဏ်ရာရသူတွေရှိနေပါတယ်။ ဖမ်းဆီး ခံရသူ စာရင်းအတည်ပြုချက်အရ ၁၁ ဦးရှိနေပါပြီ။ အတည်ပြုလို့မရသေးတဲ့ အရေအတွက်လည်း ရှိနေသေးတဲ့အတွက် စုစုပေါင်း အယောက် ၂၀ ခန့် ဖမ်းဆီးခံရနိုင်ခြေ ရှိတယ်လို့လည်း ခန်းမှန်းပြောဆိုကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular