စစ်အာဏာသိမ်း ရက် ၁၀၀ ပြည့် တောင်ဒဂုံမြို့နယ်တွင် လူငယ်များဆန္ဒပြ
DVB
·
May 11, 2021
ရန်ကုန် တောင်ဒဂုံမြို့နယ်မှာ၊ မေလ ၁၁ ရက်မနက်က မြိတ်လမ်းမကြီးအတိုင်း ၂၀ စျေးထိပ်အထိ လူငယ်သပိတ်ခေါင်းဆောင်တွေ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
“ဒီနေ့အာဏာသိမ်းတာ ရက် ၁၀၀ ပြည့်တာကို alarm (တပ်လှန့်) လုပ်လိုက်တာလို့ ပြောလို့ရပါတယ်။ အဓိကတော့ ပြည်သူတွေ သွေးမအေးကြဖို့နဲ့ သွေးမအေးကြဘူးဆိုတဲ့ လှုံ့ဆော်မှုပါ” လို့ လူငယ်သပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
သပိတ်စစ်ကြောင်းချီတက်ရာမှာ အဖမ်းအဆီး အဟန့်အတားနဲ့ အထိအခိုက် မရှိဘဲ အောင်မြင်စွာ ချီတက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Photo - CJ