Home
မြန်မာသတင်း
စစ်ကိုင်းမြို့နယ်နှင့် ဆောမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စတင်ဖွဲ့စည်း
DVB
·
May 11, 2021

စစ်ကိုင်းမြို့နယ်အတွင်းရှိ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ အတွက်  မေ ၁၀ ရက်နေ့က စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Sagaing Towership People Defense Force - STPDF) ကို စတင်ဖွဲ့စည်းလိုက်ပါတယ်။ 

ဒီစစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို စစ်ကိုင်းမြို့နယ်အတွင်းမှ အာဏာရှင်ဆန့်ကျင်ရေး ဆောင်ရွက်နေသော အင်အားစုအသီးသီးနဲ့ ပါဝင်ဖွဲ့စည်းထားတာပါ။ 

စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်တွေနဲ့အညီ  လိုက်နာဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့  ကာကွယ်ရေးဆိုင်ရာ မူဝါဒတွေကို လိုက်နာကျင့်သုံးမယ်လို့ လည်းဆိုပါတယ်။ 

ဒါအပြင် စစ်အာဏာရှင်တော်လှန်ရေးအတွက်  မြို့နယ်အလိုက် ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Sagaing Towership People Defense Force - STPDF) က ထုတ်ပြန်ကြေညာထားပါတယ်။

အလားတူ ဆောမြို့နယ်မှာလည်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုဖွဲ့စည်းကြောင်း ကြေညာထားပါတယ်။ 

ဆောဒေသ၊ ကျောက်ထုဒေသ၊ လောင်းရှည်ဒေသ ဒေသ (၃) ခုနဲ့  စတင်ဖွဲ့စည်းလိုက်တာဖြစ်ပြီး ပြည်သူတို့ရဲ့  အသက်အိုးအိမ်စည်းစိမ်နဲ့ CDM ဝန်ထမ်းတွေကို ဖမ်းဆီးတာ ၊ ခြိမ်းခြောက်တာတွေမလုပ်ဖို့  စစ်ကောင်စီကို သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024