မွန်ပြည်နယ် ပေါင်မြို့နယ် တောင်ရှေ့ပိုင်းက ကရင်လူငယ်တွေ စုပေါင်းပြီး မေ ၁၀ ရက်မှာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ ဆန္ဒဖော်ထုတ်ခဲ့တဲ့ ကရင်လူငယ်တွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ အဖြူရောင် အကျီဝတ်ဆင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ကရင်လူငယ်တွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်းနဲ့ စစ်ကျွန် ပညာရေးစနစ်ကို အမြစ်ပြုတ်တဲ့အထိ တော်လှန်ကြဖို့ တိုက်တွန်းသွားပါတယ်။
ပေါင်မြို့နယ် တောင်ရှေ့ပိုင်းက ကရင်လူငယ်တွေဟာ နေ့စဉ်နဲ့အမျှ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်နေကြပါတယ်။