မော်လမြိုင်မြို့က စစ်ကျွန်ပညာရေးဆန့်ကျင်လှုပ်ရှားမှု
DVB
·
May 10, 2021
မော်လမြိုင်မြို့ပေါ် အ.ထ.က (၁၀) နဲ့ အ.လ.က (၃) ထခွဲ စာသင်ကျောင်းတွေရှေ့မှာ မေလ ၁၀ ရက် မနက်ပိုင်းက ကျောင်းမတက်ကြဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူတွေကတော့ CDM မလုပ်တဲ့ ဆရာ၊ဆရာမတွေကို ပြစ်တင်ရှုတ်ချခဲ့ပြီး ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့လည်း ကျောင်းမတက်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါအပြင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက ဖွင့်လှစ် သင်ကြားပေးမယ့် ပညာရေးစနစ်ဟာ ကျွန်ပညာရေးစနစ်သာ ဖြစ်တယ်လို့လည်း ဆန္ဒပြသူတွေက ဆိုကြပါတယ်။