ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့မှာ ရောဂါကူးစက်မှုဖြစ်ပွားနိုင်ချေ အန္တရာယ်ရှိ အုပ်စုတွေထဲက အလုပ်သမားတွေကို ကိုဗစ်-၁၉ အခမဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒီစစ်ဆေးမှုကိုတော့ မေလ ၅ ရက်ကနေ ၃၁ ရက်နေ့အထိ ဘန်ကောက်လူငယ်စင် တာ(ထိုင်း-ဂျပန်)မှာ စစ်ဆေးပေးသွားမှာဖြစ်ပြီး အဆိုပါအလုပ်သမားအုပ်စုတွေအနေနဲ့ လူမှုဖူလုံရေးစနစ်မှာ အကျိုးခံစားခွင့်မရှိတဲ့သူတွေ ဖြစ်ရမယ်လို့ ဘန်ကောက်မြို့တော်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ အုပ်ချုပ်ရေးမှူး အက်စ်ဝမ် ကွမ်မောင်က ပြောပါတယ်။
လူမှုဖူလုံရေးအကျိုးခံစားခွင့်ရှိသူတွေကိုတော့ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့မှာ ကိုဗစ် -၁၉ အခမဲ့စမ်းသပ်မှုတွေ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဘန်ကောက်လူငယ်စင်တာ (ထိုင်း-ဂျပန်)မှာ နေ့စဉ် လူဦးရေ ၂ ထောင်လောက်ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်နိုင်ပြီး ဧပြီ ၁၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ စုစုပေါင်း လူဦး ရေ ၃၂,၄၅၃ ယောက်ကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ၈၀၈ ယောက်မှာ ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
“မေလ ၅ ရက်နေ့က စတင်ပြီးတော့ ကိုဗစ်-၁၉ အခမဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပေးတဲ့ အလုပ်သမားတွေက လူမှုဖူလုံရေး အကျိုးခံစားခွင့် မရှိတဲ့သူတွေဖြစ်ပြီး လူအများနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ကြရတဲ့ အစားအသောက်ပို့ဆောင်ရေးဝန်ထမ်းတွေ၊ အများ ပြည်သူသုံးယာဉ်မောင်းတွေ၊ အငှားယာဉ်မောင်းတွေစတဲ့ ကူးစက်နိုင်ချေမြင့်တဲ့ အုပ်စု ဝင်တွေ ဖြစ်ပါတယ်”
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအနေနဲ့ ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံ တဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၈ သောင်း ၁ ထောင်ကျော်နဲ့ သေဆုံးသူ ၃၈၂ ယောက် ရှိနေပါတယ်။