Home
မြန်မာသတင်း
ဝိုင်းမော်တွင် လောင်စာဆီတင်ကား ပစ်ခတ်ခံရ
DVB
·
May 8, 2021

ကချင်ပြည်နယ် ဝိုင်းမော်မြို့ မုတ်ကျိတ်ကျေးရွာအ၀င်မှာ မေ ၈ ရက် မနက် ၉  နာရီ လောက်က လောင်စာဆီ  သယ်‌လာသော ဆီဘောက်ဆာ ကားတစ်စီး သေနတ်နဲ့ ပစ်ခတ်ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

ဗုံးပေါက်သံလို သုံးလေးချက် မြည်ပြီးနောက် သေနတ်ပစ်သံတွေ ကြားရတယ်လို့ အနီးအနားက ဒေသခံတွေက ပြောပါတယ်။

ကားဘီးတွေ ပစ်ဖောက်ခံထားရကာ ယာဉ်မောင်းရှေ့ခန်းမှာလည်း သေနတ်နဲ့ လေး၊ ငါး ချက်ပစ်ထားတာ တွေ့ရပြီး ဆီ‌တိုင်ကီတွေကနေလည်း ဆီတွေ အများကြီး ယိုဖိတ်နေတယ်လို့ ခရီးသွားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ကလည်း ဝါရှောင်ကျေးရွာအ၀င်မှာ ဆီဘောက်ဆာတစ်စီး သေနတ်ပစ်ခတ်ခံရ ပြီး ယာဉ်မောင်း သေဆုံးခဲ့ကာ ဒါဟာ တစ်ပတ်အတွင်း နှစ်ကြိမ်မြောက် ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။ 

အဲဒီလမ်းကြောင်းမှာ စစ်ကောင်စီနဲ့ပတ်သက်ပြီး ရိက္ခာမသယ်ဖို့ ကေအိုင်အေက သတိပေးစာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024