မုန်တိုင်းကြောင့် သေဆုံးသူ ၂၅၀၀ ၀န်းကျင်သာရှိဟု ဖိလစ်ပိုင်သမ္မတပြော

ဖိလစ်ပုိင်သမ္မတ
ဖိလစ္ပိုင္သမၼတ ဘန္နစ္နို အကြီနိုက ဟိုင်ယန် တိုင်ဖုန်းကြောင့် သေဆုံးသူ ဦးရေဟာ အရင်က ခန့်မှန်းထားသလို ၁ သောင်း မရှိဘဲ ၂ ထောင် ဒါမှမဟုတ် ၂ ထောင့် ၅ ရာ ပတ်ဝန်းကျင်သာ ရှိမယ်လို့ ပြောလိုက်ပါတယ်။ [caption id="attachment_46277" align="alignright" width="300"]ဖိလစ်ပိုင်သမ္မတ ဖိလစ်ပိုင်သမ္မတ[/caption] အရင် ခန့်မှန်းချက်တွေဟာ ဒေသခံအရာရှိတွေက ပိုတွက်ချက်ထားခဲ့တာ ဖြစ်တယ်လို့ ပြောလိုက်တဲ့အပေါ် အကူအညီပေးရေး လုပ်သားတွေကတော့ သံသယရှိနေ ကြပါတယ်။ လေတီး ပြည်နယ်ရဲ့ ပင်လယ်ကမ်းခြေမြို့တော် တက်ကလိုဘန်ကို ပြားပြား ၀ပ်သွားစေခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းကြောင့် လူပေါင်း ၁ သောင်းလောက်ဟာ ဆူနာမီလှိုင်းလို လှိုင်းလုံးတွေအောက်မှာ ရေနစ်သေဆုံးခဲ့ရတယ်ဆိုတဲ့ ဒေသခံအာဏာပိုင်တွေရဲ့ ပြောဆိုမှုတွေဟာ ဖိလစ်ပိုင်အစိုးရကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ မှတ်တမ်းတင်ထားနိုင်တဲ့ မုန်တိုင်းတွေထဲမှာ အပြင်းထန်ဆုံးမုန်တိုင်းဟာ ဖိလစ်ပိုင် အလယ်ပိုင်းကို ၀င်ရောက်တိုက်ခတ်သွားပြီး ၅ ရက်ကြာသည်အထိ မုန်တိုင်းလမ်းကြောင်းက မြို့တွေနဲ့ ရွာတွေက သေကျေပျက်စီးမှု အခြေအနေကို ကယ်ဆယ်ရေးလုပ်သားတွေက မရရှိကြသေးပါဘူး။ ဘေးအန္တရာယ်ကျရောက်မှုအပေါ် ကိုင်တွယ်မှုနဲ့ ပတ်သက်လို့ ခုခံကာကွယ်နေရတဲ့ သမ္မတ အကွီနိုက အစိုးရအနေနဲ့ မုန်တိုင်းဒဏ် ခံရတဲ့နေရာ အများအပြားက သတင်းအချက်အလက်တွေကို စုဆောင်းနေဆဲ ဖြစ်ပြီး သေဆုံးသူ ဦးရေ ဒီထက် ပိုများလာနိုင်တယ်လို့ ပြောပါတယ်။ စီအန်အန်သတင်းဌာနနဲ့ လုပ်တဲ့ အင်တာဗျူး တခုမှာ သမ္မတ အကွီနိုက “ ၁ သောင်းဆိုတာ သိပ်များတယ်လို့ ထင်ပါတယ်။ အခုထိတော့ သေဆုံးသူ အရေအတွက် ၂ ထောင်မှ ၂ ထောင် ၅ ရာ လောက်ခန့်မှန်းပဲ ရှိမယ်” လို့ ပြောပါတယ်။” နိုဝင်ဘာ ၁၂ ရက်နေ့အထိတော့ အရာရှိတွေ အတည်ပြုနိုင်တဲ့ သေဆုံးသူ ၁၇၇၄ ယောက်ရှိပြီး ပျောက်ဆုံးသူ ၈၄ ယောက် ရှိပါတယ်။ ဒီကိန်းဂဏန်းတွေဟာ ကြီးကြီးကျယ်ကျယ် လွဲနေနိုင်တယ်လို့ အကူအညီပေးရေး လုပ်သားတွေက သုံးသပ်ပါတယ်။ တချို့ ကယ်ဆယ်ရေးလုပ်သားတွေက သမ္မတ အကွီနိုဟာ သေဆုံးသူ ဦးရေကို တမင်တကာ လျှော့ချထားတယ်လို့ သံသယရှိကြပါတယ်။ ကြက်ခြေနီအဖွဲ့ရဲ့ ရှေးဦး ပျောက်ဆုံးသူ ခန့်မှန်းချက်ဟာ ၂ သောင်း ၂ ထောင် ရှိနေပါတယ်။ နိုဝင်ဘာ ၁၂ ရက် အင်္ဂါနေ့မှာတော့ မုန်တိုင်းဒဏ်ခံရတဲ့ ဖိလစ်ပိုင်နိုင်ငံကို ကုလသမဂ္ဂက အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကူညီဖို့ ကတိပြုလိုက်ပါတယ်။ ဖိလစ်ပိုင် အလယ်ပိုင်းကို နိုဝင်ဘာ ၈ ရက်နေ့က တိုက်ခတ်သွားခဲ့တဲ့ ဆူပါတိုင်ဖုန်း ဟိုင်ယန်ဟာ လူပေါင်း ၁၁ ဒဿမ ၃ သန်းကို သက်ရောက်ခဲ့ပြီး လူ ၈ သိန်းလောက် အိုးအိမ်မဲ့ ဖြစ်သွားခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးကတော့ အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။ ကမ္ဘာ့ မိုးလေ၀သအဖွဲ့ကတော့ တိုင်ဖုန်း ဟိုင်ယန်ဟာ ဒီနှစ်ထဲမှာ တိုက်ခတ်သွားတဲ့ အပူပိုင်း ဆိုင်ကလုံးမုန်တိုင်းတွေထဲမှာ အပြင်းထန်ဆုံးဖြစ်ပြီး မှတ်တမ်းတင်ထားတဲ့ အထဲမှာလည်း အပြင်းထန်ဆုံးဖြစ်တယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂ  အနေနဲ့တော့ ထိခိုက်သေဆုံးတဲ့ စာရင်းအတိအကျကို ထုတ်ပြန်တာမရှိသေးပါဘူး။ ကုလသမဂ္ဂရဲ့ ဘေးအန္တရာယ် လျော့ချရေး ရုံးရဲ့ အစဦး ခန့်မှန်းချက်တွေမှာကတော့ တိုင်ဖုန်းမုန်တိုင်းကြောင့် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကနေ ၁၅ ဘီလီယံအထိ ပျက်စီးဆုံးရှုံးခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ နှစ်စဉ် ထုတ်လုပ်မှု တန်ဖိုးရဲ့ ၅ ရာခိုင်နှုန်းလောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိုနှိုင်းဆွေးနွေးရေးမှူးရဲ့ လက်ထောက် အတွင်းရေးမှူးချုပ် ဗယ်လ်လာရီ အမ်းမို့စ်က မနီလာမှာ ဒေါ်လာ ၃၀၁ သန်းတန်ဖိုးရှိတဲ့ ကယ်ဆယ်ရေး အစီအစဉ်ကို နိုဝင်ဘာ ၁၃ ရက်နေ့က စတင်လိုက်ပါတယ်။ ဒီလုပ်ငန်း အစီအစဉ်ဟာ ကယ်ဆယ်ရေး လုပ်ငန်း ၆ လစာအတွက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ အစားအစာ၊ ကျန်းမာရေး၊ တကိုယ်ရေသန့်ရှင်းရေး၊ အမိုးအကာနဲ့ ရေကို ဦးစားပေးထားပါတယ်။ တချိန်တည်းမှာပဲ ကျွန်းပေါင်း ၇ ထောင်ကျော်ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံအတွက် သယ်ယူပို့ဆောင်ရေးဟာလည်း ကယ်ဆယ်ရေးလုပ်ငန်းမှာ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်လာပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ ဒေသတွင်းက ဆေးရုံတချို့ဟာ မုန်တိုင်းဒဏ်ကြောင့် လုံးဝပျက်စီးသွားတာကြောင့် ယာယီ ကျန်းမာရေးဌာနတွေ ဖွင့်လှစ်ဖို့ အရေးပေါ် လိုအပ်နေတယ်လို့ ပြောပါတယ်။ ဒီနှစ်အတွင်း အားအပြင်းဆုံး မုန်တိုင်းဖြစ်တဲ့ ဟိုင်ယန်ဟာ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တွေမှာ ပျက်စီးဆုံးရှုံးမှုတွေ အများအပြားဖြစ်စေခဲ့ပြီး နိုဝင်ဘာ ၁၁ နေ့မနက်မှာတော့ တရုတ်နိုင်ငံ တောင်ပိုင် ဂွမ်ဇီကျောင်း ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသကို ရောက်ရှိသွားပါတယ်။ တိုင်ဖုန်း ဟိုင်ယန်ဟာ တရုတ်နိုင်ငံတောင်ပိုင်းမှာ ဆက်လက်တိုက်ခတ်ခဲ့မှုကြောင့် နိုဝင်ဘာ ၁၂ ရက်နေ့ မနက် ၁၀ နာရီအချိန်အထိ လူ ၇ ဦးသေဆုံးပြီး ၄ ယောက်ပျောက်ဆုံးနေတယ်လို့ အစိုးရ စာရင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up