စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ SNA ရှမ်းနီတပ်မတော်တို့ မေလ ၆ ရက် နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးသွားပါတယ်။
တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ SNA တပ်ဖွဲ့ဝင်တစ်ဦးက “ ကျနော်တို့ မနေ့ နေ့လည်ပိုင်းမှာ တိုက်ပွဲ ထပ်မံဖြစ်တယ်။ ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာအနီး ထုံမလွတ်ကျေးရွာမှာတိုက်ပွဲဖြစ်တယ်။ စစ်တပ်ကခန္တီးဘက်စက်လှေနဲ့ စုန်လာတယ်လို့သတင်းကြားတယ်။ အင်အားများတယ် ဒါကြောင့် ကျနော်တို့ ထုံမလွတ်ကျေးရွာအနီးကနေ လက်နက်ကြီးပစ်ခတ်တယ်။ စစ်တပ်က ၁ ဦးကျတယ်။ ကျနော်တို့ SNAဘက်က ထိခိုက်တာမရှိဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့မေလ ၅ ရက်နေ့ကလည်း ခန္တီးမြို့နယ် ကောင်ဟိန်ကျေးရွာအနီးမှာ SNA ရှမ်းနီစစ်တပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပါတယ်။