မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ မေလ ၆ ရက်နေ့ညက စည်ပင်သာယာရပ်ရှိ ဆင်တောင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ရှာဖွေပြီး ဆင်တောင်ကျောင်းမှာ Wifi သုံးနေတဲ့ ပြည်သူတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
မနေ့ည ၈ နာရီလောက်မှာ အကြမ်းဖက်စစ်အုပ်စုက ရပ်ကွက်အတွင်းလိုက်လံပြီး သံပုံးမတီးဖို့ လိုက်လံပြောဆိုတာတွေရှိပြီး ရပ်ကွက်တွေထဲကို ညအချိန် အိမ်တွေထဲ ဝင်ရောက်ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက ညဘက်အချိန်မှာ ပြည်သူတွေကိုလိုက်လံ ဖမ်းဆီးပြီး၊ ဘုန်းကြီးကျောင်းတွေကိုပါ ဝင်ရောက်ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။