မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရဲ့ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို မေလ ၇ ရက်နေ့မှာ ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို ပေါင်မြို့နယ်အတွင်းက Gen Z လူငယ်တွေ၊ ကျောင်းသား ပြည်သူတွေ၊ ဝန်ထမ်းတွေ၊ နည်းပညာကျွမ်းကျင်ပုဂ္ဂိုလ်တွေအပြင် ရပ်မိရပ်တွေနဲ့ စုစည်းပြီး ဖွဲ့စည်းခဲ့တာပါ။
အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဟာ ပြည်သူတွေကို အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီး၊ သတ်ဖြတ်မှုမှ ကာကွယ်ဖို့အပါအဝင် ရည်ရွယ်ချက် ၅ ချက်နဲ့ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ပေါင်မြို့နယ် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဟာ ဖက်ဒရယ်တပ်မတော် မပေါ်ထွန်းခင် စပ်ကြား အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒနဲ့ လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။