ကျိုက်ထိုက ကျောင်းသားပြည်သူများ စစ်အာဏာရှင်ကိုဆန့်ကျင် ဆန္ဒပြ
DVB
·
May 7, 2021
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က ကျောင်းသားပြည်သူတွေဟာ မေလ ၇ ရက် မနက်ပိုင်းမှာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ကျောင်းသားပြည်သူတွေကတော့ အကြမ်းဖက် စစ်ကောင်စီက ဖွင့်လှစ်တဲ့ကျောင်းတွေနဲ့ ထုတ်ပြန်လိုက်တဲ့ အမိန့်အာဏာတွေကို မလိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
ကျိုက်ထိုက ကျောင်းသားပြည်သူတွေဟာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို နေ့စဉ် ပုံစံအမျိုးမျိုးနဲ့ ဆန့်ကျင်တော်လှန်နေကြတာဖြစ်ပါတယ်။