တနင်္သာရီတိုင်း ထားဝယ်မြို့မှာ မေလ ၆ ရက်နေ့က ပရဟိတကယ်ဆယ်ရေးလုပ်နေသူ လူငယ် ၁ ဦးကို အကြမ်းဖက် စစ်ကောင်စီလက်ပါးစေ လက်နက်ကိုင်တွေက ပရဟိတရုံးမှာ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးရုံးမှာ ကိုမျိုးမင်းဦးကို ညနေ ၆ နာရီလောက်က အကြမ်းဖက် စစ်ကောင်စီရဲ့လက်ပါးစေ လက်နက်ကိုင်တွေက လာရောက်ခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီလက်ပါးစေလက်နက်ကိုင်တွေ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ကိုမျိုးမင်းဦးဟာ နည်းပညာတက္ကသိုလ် (4BE. EP) တတ်နေသူ တဦးလည်းဖြစ်တယ်လို့ ဆိုပါတယ်။
ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးမှာ ပရဟိတလုပ်ပေးနေတဲ့ အခြားလူငယ် ၁ ဦးကိုလည်း လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထားဝယ်မြို့ပေါ်မှာ ညနေ ၆ နာရီလောက်က မြဝတီဘဏ်နားမှာ စစ်ကောင်စီရဲ့ လက်ပါးစေ လက်နက်ကိုက်တပ်တွေက ပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။