မွန်ပြည်နယ် မုဒုံမြို့က NLD ပြန်ကြားရေးတာဝန်ခံလည်းဖြစ် လူငယ်စည်းရုံးရေးမှူးလည်း ဖြစ်သူ ကိုကိုဦးကို အကြမ်းဖက်စစ်ကောင်စီက မေ ၅ ရက် ည ၁၁ နာရီလောက်က ကန်ကြီးဘုရားလမ်းရှိ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
စစ်သားနဲ့ရဲအင်အား အများအပြားသုံးပြီး ည ၁၁ နာရီခွဲဝန်းကျင်မှာလည်း မုဒုံမြို့ သပိတ်ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Mudon Rescue အဖွဲ့ခေါင်းဆောင် ကိုသန်းဝင်းရဲ့ နေအိမ်ကိုလည်း အကြမ်းဖက်ဝင်ရောက်ခဲ့ပါတယ်။
ကိုသန်းဝင်းရဲ့နေအိမ်၊ အာဆင်နယ်လက်ဖက်ရည်ဆိုင်မှာ သူ့ကိုမတွေ့တဲ့အတွက် သူ့အမျိုးသမီးနဲ့ မွေးကင်းစကလေးငယ်ကို စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။
ကိုသန်းဝင်းကို ဖမ်းဆီးဖို့ ကြိုးစားရာမှာ စစ်သားနဲ့ရဲတွေအပြင် ဒလန်နှစ်ယောက် ပါဝင်ခဲ့ပါတယ်။
မေ ၅ ရက်ညပိုင်းက မုဒုံမြို့မှာ စစ်ကောင်စီက တခြားဖမ်းဆီးမှုတွေလည်း ပြုလုပ်ခဲ့ပြီး သပိတ်မှာ ပါဝင်သူတွေဟာ တိမ်းရှောင်နေရပါတယ်။
မေ ၅ ရက်နေ့လယ်ပိုင်းက မုဒုံ၊ ပိန္နဲတိုက်ရပ်ကွက်မှာနေထိုင်တဲ့ CDM ဆရာမ ဒေါ်ရီရီဌေးကိုလည်း အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားပါတယ်။