Home
မြန်မာသတင်း
အကြမ်းဖက်စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် သင်္ဃန်းကျွန်းလူငယ် ၈ ဦး အဆက်အသွယ်မရ
DVB
·
May 5, 2021

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရိုက်နှက်ဖမ်းဆီးတာခံခဲ့ရတဲ့ လူငယ် ၈ ယောက် လွတ်မြောက်ရေး ရှေ့နေတွေနဲ့ ဥပဒေကြောင်းအရ အကူအညီ ပေးနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ လူငယ်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂ ရက် ည ၁၁ နာရီ ၀န်းကျင်မှာ သင်္ဃန်းကျွန်းမြိုနယ်၊ သီတာရေစင်လမ်း၊ (၁၆/ ၄ ) ရပ်ကွက်က တိုက်ခန်းမှာ နေထိုင်တဲ့  လူငယ် ၈ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံရသူတွေအထဲမှာ အသက် ၁၈ နှစ် အရွယ် လူငယ်တွေပါဝင်သလို မိန်းကလေး ၃ ယောက်လည်း ပါဝင်ပါတယ်။ ဖမ်းဆီးခံရသူတွေကတော့ ကိုစည်သူအောင်၊ မခင်မီမီဝင်း (ခ) မီးမီး ၊ ကိုမြတ်ကို၊ ကိုစနေမောင် ၊ ကိုဇေယျာဖြိုး၊ မစုမြတ်မွန်၊ ကိုသက်ပိုင်ထွေးနဲ့  မနန်းချယ်ရီဆောင်းတို့ ဖြစ်ပါတယ်။

လူငယ်တွေကို ရဲနဲ့စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် သူတို့ရဲ့ တိုက်ခန်းတခုလုံးကိုလည်း မွှေနှောက်ကာ ပစ္စည်းတွေကိုလည်း ရိုက်ချိုးဖျက်ဆီးထားပြီး တိုက်ခန်းထဲမှာတင် ရက်ရက်စက်စက် အကြမ်းဖက်နှိပ်စက်ခဲ့တဲ့ပုံစံ သွေးကွက်တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

အဆိုပါလူငယ်တွေကို ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာနဲ့  သူတို့ကို လက်ရှိ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာတော့ မသိရသေးပါဘူး။ 

Photo...CJ

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024