စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပင်တင်းကျေးရွာမှာ မေလ ၄ ရက် ညသန်းခေါင် ၁၂ နာရီအချိန် ရွာသား ကိုအောင်အောင်ရဲ့ နေအိမ်ကို အကြမ်းဖက်စစ်သားတွေ ရောက်ရှိလာပြီး နေအိမ်က ပစ္စည်းတွေနဲ့ မျိုးစပါးတွေကို ဖျက်ဆီးသွားတယ်လို့ ကာယကံရှင်က ပြောပါတယ်။
နေအိမ်မှာရှိတဲ့ မီးအားမြှင့်စက်၊ ရေခဲသေတ္တာ၊ အသံချဲ့စက် ၊ ရေမော်တာတွေကို ယူသွားပြီး အဝတ်အစားတွေကို မီးရှို့သွားခဲ့ကြသလို မျိုးစပါးတွေကိုလည်း တလင်းပြင်မှာ ဖြန့်ကြဲထားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး သိန်း ၁၂၀ ကျော်တယ်လို့ လည်း ပြောပါတယ်။
ဒီလို ဝင်ရောက်ဖျတ်ဆီးတာဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး မေလ ၃ရက်နေ့က ပထမအကြိမ်ဝင်ရောက်စဉ်ကလည်း အသံချဲ့စက်၊ ဟွန်း ၄လုံးနဲ့ ရွှေငွေ ၈သိန်းဖိုး ယူသွားခဲ့ကြတယ်လို့ သိရပါတယ်။
ကိုအောင်အောင်ဟာ ဆန္ဒပြတာတွေမှာပါဝင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ရွာက ဒလန်သတင်းပေးတွေကြောင့် အခုလို အဖျတ်ဆီးခံရတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လက်ရှိမှာ ကိုအောင်အောင်တို့ မိသားစုကတော့ တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။
ပင်တင်းရွာဟာ ဆန္ဒပြသပိတ်လှုပ်ရှားရာမှာ တက်ကြွတဲ့ရွာဖြစ်ပြီး ရွာကို ဝင်စီးခံရတာလည်း သုံးကြိမ်ရှိပြီ ဖြစ်ပါတယ်။