“ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်” စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒပြ
DVB
·
May 5, 2021
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ မေလ ၅ ရက်က CDM ဆရာ၊ ဆရာမတွေနဲ့ CDM ကျောင်းသူ၊ ကျောင်းသားတွေဟာ အကြမ်းဖက်စစ်အုပ်စု ဖွင့်လှစ်သင်ကြားမယ့် စစ်ကျွန်ပညာရေးစနစ်ကို အလိုမရှိကြောင်းနဲ့ ဖက်ဒရယ်ပညာရေးစနစ်ပေါ်ပေါက်ရေး ဆန္ဒပြခဲ့ ကြပါတယ်။
ဒါ့အပြင် ပညာရေးတြိဂံ “စိတ်ဓာတ်၊စည်းကမ်း၊ပညာ” အစား “ဖမ်းဆီး၊နှိပ်စက်၊သတ်ဖြတ်” ဆိုပြီး အဖြူအင်္ကျီပေါ် ဆေးနီနဲ့ရေးကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
Photo-CJ