Home
မြန်မာသတင်း
ထားဝယ်သတင်းထောက်ကို အကြမ်းဖက်စစ်အုပ်စုက ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်
DVB
·
May 5, 2021

ပစ်ခတ် ဖမ်းဆီးခံခဲ့ရတဲ့  တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် Dakkhina Insight သတင်းဌာနရဲ့ သတင်းထောက် ကိုနိုင်လင်းထွန်းကို အကြမ်းဖက်စစ်အုပ်စုက  ပုဒ်မ ၃ ခုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ အဆိုပါ သတင်းဌာန တာ၀န်ခံ အယ်ဒီတာ ကိုရဲထွဋ်ဝင်းက DVB ကို ပြောပါတယ်။

သတင်းထောက် ကိုနိုင်လင်းထွန်းကို အကြမ်းဖက် စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၄‌၅ ၊ ၅၀၅ (က)(ဂ) တို့နဲ့ အမှုဖွင့်ထားတာ ဖြစ်ပြီး မေလ ၆ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးသွားဖို့ ရှိနေပါတယ်။

သတင်းထောက်  ကိုနိုင်လင်းထွန်းဟာ ဧပြီ ၂၁ ရက်နေ့က ထားဝယ်မြို့မှာ  စစ်အာဏာရှင် ဆန္ဒပြပွဲသတင်းရယူနေစဉ်  အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက် သတင်းသမား ၇၀ ကျော် ဖမ်းဆီးခံထားရသလို သတင်းဌာန ၈ ခုမှာလည်း လုပ်ကိုင်ခွင့် ပိတ်သိမ်းခံထားရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024