မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မေလ ၄ ရက် ဒီနေ့မနက် ၆ နာရီဝန်းကျင်က အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးကို သူ့ရဲ့နေအိမ်မှာ အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားပါတယ်။
ဘာကြောင့်ခေါ်သွားတယ်ဆိုတာကို မသိရဘဲ၊ မေးမြန်းစရာရှိလို့ဆိုပြီး ရဲနဲ့ စပ်တပ် အကြမ်းဖက်စစ်အုပ်စုက အိမ်စီးကား ၂ စီးနဲ့ လာခေါ်သွားတာလို့ သူနဲ့ နီးစပ်တဲ့မြို့ခံတဦးက ပြောပါတယ်။
မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေ၊ သပိတ်ခေါင်းဆောင်တွေ၊ CDM ဝန်ထမ်းတွေကို နေအိမ်တွေမှာ လိုက်လံဖမ်းဆီးနေပြီး နေအိမ်အတွင်းက ပစ္စည်းတွေကိုလည်း လုယက်ယူဆောင်တာမျိုးတွေ လုပ်နေတယ်လို့ သိရပါတယ်။