တောင်ငူလယ်သမားများအတွက် စိုက်စရိတ်ချေးငွေ ဆိုင်းငံ့ရေး ဆောင်ရွက်မည်
DVB
·
November 9, 2013
ရေးကြီးနစ်မြုပ်မှုများကြောင့် စပါးပင်တွေ သေကျေပျက်စီးခဲ့ရတဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားတွေကို စိုက်ပျိုးစရိတ်ချေးငွေတွေ ပြန်ဆပ်ဖို့ ဆိုင်းငံ့ရေး ဆောင်ရွက်ပေးသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ တာဝန်ရှိသူတွေဟာ မနေ့က ပဲခူးတိုင်းဒေသကြီး ခပေါင်းခန်းမမှာ ကျင်းပတဲ့ တောင်ငူခရိုင် ၅ မြို့နယ် ရေဘေးသင့်ပြည်သူတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တာ ဖြစ်ကြောင်း သမ္မတရုံးဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
တောင်သူတွေအနေနဲ့ ရေကြီးနစ်မြုပ်ခဲ့တဲ့ စပါးခင်းတွေကို အမြန်ဆုံး ရိပ်သိမ်းဖို့နဲ့ လုံးဝ ပျက်စီးသွားတဲ့ စပါးခင်းတွေနေရာမှာ ဆောင်းသီးနှံတွေကို အချိန်မီ ပြန်လည်စိုက်ပျိုးစေလိုတယ်လို့ ပြောကြားခဲ့ပါတယ်။
အစိုးရအနေနဲ့ ဆောင်းသီးနှံအတွက် မျိုးကောင်းမျိုးသန့် ထောက်ပံ့ဖို့နဲ့ စပါးစိုက်ပျိုးဖို့ ချေးယူထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေကို ဆိုင်းငံ့ပေးရေး ဆောင်ရွက်ပေးသွားမယ်လို့ သမ္မတက ပြောကြားသွားပါတယ်။