ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့ အတားအဆီးတွေကြားက သင်္ဃန်းကျွန်းလူငယ်တွေ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ၊ ကျောင်းသား ပြည်သူတွေ ပြန်လွှတ်ပေးရေး၊ နိုင်ငံအတွင်း ပြည်သူတွေအပေါ် ဖမ်းဆီးရိုက်နှက်တာတွေ ရပ်တန့်ပေးရေးအတွက် မေလ ၂ရက်နေ့ မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
သပိတ်စစ်ကြောင်း ထွက်ပြီး ၅ မိနစ်ကျော်လောက်မှာပဲ အကြမ်းဖက်စစ်တပ်က ဖြိုခွင်းတာတွေလုပ်ခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတတစ်ဦးက ပြောပါတယ်။
သင်္ဃန်းကျွန်း လူငယ်တွေအနေနဲ့ ဘယ်လိုအနေအထားရောက်ရောက် ဆန္ဒပြမှုတွေ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။