ရန်ကုန် – ဒလ ကူးတို့ ၃ စင်း ဂျပန် လှူမည်
DVB
·
November 8, 2013
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ဂျိုက်ကာ)ဟာ ဒလဘက်က ပြည်သူတွေ ခရီးသွားလာရေး အဆင်ပြေစေဖို့ ရန်ကုန် - ဒလ ကူးတို့သင်္ဘော ၃ စီး လှူဒါန်းမယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနရုံး တာဝန်ရှိသူက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
ဒေါ်လာ ၁၂ သန်းတန် သင်္ဘောအသစ် ၃ စီး လှူဒါန်းမှာ ဖြစ်ပြီး ၂၀၁၄ ခုနှစ်မကုန်ခင် မြန်မာနိုင်ငံကို လွှဲပြောင်းပေးမယ်လို့ သိရပါတယ်။
အဲဒီသင်္ဘောဟာ လူ ၁ ထောင်လောက် စီးနိုင်တဲ့ ၂ ထပ် သင်္ဘောအမျိုးအစား ဖြစ်ပြီး လက်ရှိ တင်ဒါအောင်ထားတဲ့ ကုမ္ပဏီက ဂျပန်မှာ တည်ဆောက်နေပြီလို့ သူက ပြောပါတယ်။