ထူးကုမ္ပဏီကို စာချုပ် ပြန်ချုပ်သင့်
DVB
·
November 8, 2013
မြေဧက များစွာကျယ်ဝန်းပြီး ရန်ကုန်မြို့လည်မှာ တည်ရှိတဲ့ တိရိစ္ဆာန်ဥယျာဉ်ကို အရင် နအဖ စစ်အစိုးရက ထူးကုမ္ပဏီကို ၁ နှစ် ကျပ် သန်း ၇၀ လောက်နဲ့ပဲ ငှားပေးထားတာဟာ အခွင့်ထူးခံသဘောမျိုး ဖြစ်နေတဲ့အတွက် စာချုပ်အသစ် ချုပ်ဖို့ ပြန်လုပ်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာ ဒေါ်ညိုညိုသင်းက နိုဝင်ဘာ ၇ ရက် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ တင်ပြပါတယ်။
ရန်ကုန်တိုင်း သစ်တောဝန်ကြီးကတော့ အရင် စစ်အစိုးရခေတ်က ချုပ်ခဲ့တဲ့ စာချုပ် ဖြစ်ပြီး ၁၀ နှစ် စာချုပ်နဲ့ ချုပ်ထားပေးတယ်လို့ ဆိုပါတယ်။
Read more