ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းနယ်မြေ ရဲတပ်ဖွဲ့စခန်းက စခန်းမှူး ဦးဆောင်တဲ့အဖွဲ့ဟာ အပြစ်မဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၁ ရက် ည ၇ နာရီလောက်က မြို့ရဲ့ မြောက်ဘက်ကုန်းမှာ အလုပ်က ပြန်လာတဲ့ လူငယ်တွေ စီးလာတဲ့ ဆိုင်ကယ်ကို ရပ်ခိုင်းပြီး အကြောင်းမဲ့ လူငယ်တွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်၊ ကန်ကျောက်၊ ဒိုက်ထိုး၊ ဖားခုံခိုင်းတာတွေကို ပဲနွယ်ကုန်းစခန်းမှူးက လုပ်ဆောင်ခဲ့ တယ်လို့ ဆိုပါတယ်။
ပဲနွယ်ကုန်းနယ်မြေစခန်းမှ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက အခုလို အကြမ်းဖက် လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံမှု မရှိတော့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။