Live
Home
သတင်းတို
ဒုက္ခသည် နေရပ်ပြန်ရေး ဂျိုက်ကာက အကူအညီပေးမည်
DVB
·
November 8, 2013
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေသူတွေ နေရပ်ပြန် အခြေချနိုင်ရေး လုပ်ငန်းစဉ်တွေမှာ သုံးဖို့ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(ဂျိုက်ကာ)က အမေရိကန်ဒေါ်လာ ၆ သန်း အကူအညီပေးဖို့ သဘောတူလိုက်ကြောင်း သိရပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့က နေပြည်တော်မှာ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးဌာနနဲ့ ဂျိုက်ကာ မြန်မာရုံး တာဝန်ရှိသူတွေ စီမံကိန်းဆွေးနွေးချက်ကို လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။ ဒီငွေတွေကို ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် ၃ နှစ်ခွဲ ကာလအတွင်း ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ဘက်စုံပါဝင်တဲ့ မဟာဗျူဟာ စီမံကိန်း အကောင်အထည် ဖော်ရေးမှာ အသုံးချမှာ ဖြစ်ကြောင်း သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024