တောင်ကိုရီးယားရောက်မြန်မာများ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ
DVB
·
May 1, 2021
တောင်ကိုရီးယားနိုင်ငံ Ulsan အူဆန်မြို့မှာ မေလ ၁ ရက်နေ့က ကိုရီးယားရောက် မြန်မာနိုင်ငံသားစုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
အူဆန်မြို့ရှိ နိုင်ငံခြားအလုပ်သမားကူညီရေးစင်တာမှ ကိုရီးယားတွေ၊ ကမ္ဘောဒီးယားနိုင်ငံသားတွေနဲ့ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူအင်အား ၁၀၀ ကျော်လောက် ပါဝင်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
အူဆန်မြို့မှာ မြန်မာနိုင်ငံသားတွေစုပြီး အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ စစ်အာဏာရှင်ဆန့်ကျင် ရေးလှုပ်ရှားမှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။