ဟိုင်ယန်တိုင်ဖုန်းမုန်တိုင်းကြောင့် ကမ်းရိုးတန်းဒေသက လူများ ရွှေ့ပြောင်း

Photo by AFP
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း ကျွန်းတွေကို ဦးတည်နေတဲ့ မုန်တိုင်းဟာ တိုင်ဖုန်းမုန်တိုင်းကြီး အဖြစ် ကြီးမားလာမယ်လို့ ခန့်မှန်းရတာကြောင့် ကမ်းရိုးတန်းဒေသက လူတွေကို နိုဝင်ဘာ ၆ ရက်က ဘေးလွှတ်ရာရွှေ့ပြောင်းပေးနေပြီး အရေးပေါ် လုပ်သားတွေကို တပ်လှန့်ထားပါတယ်။ [caption id="attachment_46084" align="alignleft" width="274" caption="Photo by AFP"][/caption]ဒီကျွန်းတွေဟာ လွန်ခဲ့တဲ့လက ပြင်းအား ၇ ဒဿမ ၂ ရှိတဲ့ ငလျင်ဒဏ်ခံလို့ နာလန်ထူကာစပဲ ရှိပါသေးတယ်။ ဟိုင်ယန်အမည်ရ တိုင်ဖုန်းမုန်တိုင်းဟာ ပင်လယ်ပြင်ပေါ်မှာ ၁ နာရီ ၁၈ မိုင်နှုန်းနဲ့ ရွေ့လျားနေပြီး ဆာမာနဲ့ လေတီကျွန်းတွေကို နိုဝင်ဘာ ၈ ရက် နေ့လယ်ပိုင်း စတင် ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဖိလစ်ပိုင်အလယ်ပိုင်း စီဘူး၊ ဘိုဟိုနဲ့ လော်ဘေးဒေသမှာ စာသင်ကျောင်းတွေကို ပိတ်ထားလိုက်ပြီး အရေးပေါ် နေထိုင်စရာနဲ့ ရိက္ခာတွေကို ပြင်ဆင်ထားကြပါတယ်။ အရေးပေါ် အလုပ်သမားတွေကိုလည်း တပ်လှန့်ထားပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့က မြေငလျင်ကြောင့် ဘိုဟိုကျွန်းပေါ်က လူထောင်ပေါင်း များစွာဟာ အိမ်တွေ ပျက်စီးသွားပြီး အခုအထိ ယာယီစခန်းတွေမှာ ခိုလှုံနေကြရတုန်းပါ။ အဲဒီငလျင်ကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ကြရပါတယ်။ ဖိလစ်ပိုင်မှာ နှစ်စဉ် တိုင်ဖုန်းမုန်တိုင်းအလုံး ၂၀ လောက် ကျလေ့ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up