မတရားအာဏာသိမ်းထားတဲ့ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ ဘေးရန်ကနေ ကာကွယ်ဖို့ ချင်းလဲန်းကာကွယ်ရေးတပ်(ပလက်ဝ) Chinland Defense Force(Paletwa)ကို ဧပြီ ၂၈ ရက်မှာ စတင် ဖွဲ့ စည်းလိုက်ပါတယ်။
CDF(ပလက်ဝ)ဟာ ဧပြီ ၄ ရက်နေ့က ချင်းတိုင်ရင်းသားတွေ စုပေါင်းတည်ထောင်လိုက်တဲ့ CDFနဲ့အတူ အာဏာသိမ်းစစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် မိမိတို့ မြို့နယ်ဒေသအစုံရှိ စိတ်အားထက်သန်တဲ့ လူငယ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်း ပါဝင်လာအောင်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) အပါအဝင် သက်ဆိုင်ရာအဖွဲ့စည်းတွေနဲ့ပူးပေါင်းပြီး ချင်းလဲန်းဒေသအတွင်း တရားစီရင်ရေး၊ ဥပဒေပြုရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေကို ချင်း အက်ဥပဒေ၊ချင်းရိုရာဓလေ့ထုံးတန်းနဲ့ ကျင့်သုံးသွားမယ်လို့လည်းဆိုပါတယ်။
အာဏာသိမ်းအကြမ်းဖက်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ချင်းလဲန်းပြည်သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဆက်လက်လုပ်ဆောင်နေပါက နည်းမျိုးစုံနဲ့ ခုခံတော်လှန်သွားမှာဖြစ်တယ်လို့ CDF(ပလက်ဝ)က ဧပြီ ၂၉ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။