အကြမ်းဖက်စစ်တပ်ပစ်ခတ်မှုကြောင့်ကျဆုံးသွားသည့် တာန်ထန်မွမ်းလျန်၏ ဈာပန
DVB
·
April 29, 2021
ချင်းပြည်နယ်၊ တီးတိန်မြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ချင်းတိုင်းရင်းသား ကျောင်းသားလူငယ် တာန်ထန်မွမ်းလျန်ရဲ့ ဈာပနအခမ်းနားကို ဧပြီ ၂၉ ရက် ဒီနေ့ ညနေ ၃ နာရီက ကျင်းပခဲ့ပါတယ်။
ပြီးခဲ့တဲ့ဧပြီ ၂၇ ရက်နေ့ညက ဓာတ်ဆီဆိုင်မှာ ညစောင့်တာဝန်ထမ်းဆောင်ဖို့ သွားတဲ့ တာန်ထန်မွမ်းလျန်ကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တာပါ။
ကျဆုံးသွားခဲ့သူတဲ့ တာန်ထန်မွမ်းလျန်ဟာ ကလေးတက္ကသိုလ် သမိုင်းမေဂျာအထူးပြု ပထမနှစ်ကျောင်းသား တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။