စစ်ခေါင်းဆောင်ကို အမြန်ဖမ်းရန် မော်လမြိုင်လူငယ်များ တောင်းဆို
DVB
·
April 29, 2021
အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုရဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မြန်ဖမ်းပေးဖို့ မော်လမြိုင်လူငယ်တွေက ဧပြီ ၂၉ ရက်မှာ နိုင်ငံတကာကို တောင်းဆို လိုက်တာပါ။
အကြမ်းဖက်မှုတွေရဲ့ အဓိကဦးဆောင်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကြောင့် လူပေါင်းများစွာ သေဆုံးထားလို့ အမြန်ဖမ်းဆီးပေးဖို့ တောင်းဆိုရတာလို့ လူငယ်တွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ တပ်မတော်က အာဏာသိမ်းပြီး ရက်ပေါင်း ၈၇ ရက်အတွင်း လူပေါင်း ၇၅၀ ကျော် သေဆုံးထားပါတယ်။