ဟိုင်ယန်တိုင်ဖုန်းမုန်တိုင်း ဖိလစ်ပိုင်နိုင်ငံ ၀င်မည်

A graphic from the U.S. Naval Observatory showing the expected track of Typhoon Haiyan.
ဖိလစ်ပိုင်နိုင်ငံမှာ ဟိုင်ယန်အမည်ရ တိုင်ဖုန်းမုန်တိုင်း ကျရောက်လာဖို့ ရှိနေတဲ့အတွက် ကမ်းခြေစောင့်တပ်ဖွဲ့တွေဟာ  နိုဝင်ဘာ ၆ ရက် ဗုဒ္ဓဟူးနေ့က စပြီး ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ [caption id="attachment_46050" align="alignleft" width="300" caption="A graphic from the U.S. Naval Observatory showing the expected track of Typhoon Haiyan."][/caption] လာမယ့် ရက်ပိုင်းအတွင်းမှာ အင်အားကောင်းတဲ့ တိုင်ဖုန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ၀င်ရောက်ဖို့ ရှိတယ်လို့ ဘေးအန္တရာယ်ကာကွယ်ရေး အရာရှိတွေက ပြောပါတယ်။ ဟိုင်ယန်အမည်ရ တိုင်ဖွန်းမုန်တိုင်းဟာ  လေတိုက်နှုန်း ၁ နာရီ ၉၃ မိုင်ရှိပြီး ၁၁၄ မိုင်နှုန်းလောက်အထိ ပြင်းထန်လာမယ်လို့ ခန့်မှန်းထားပြီး နိုဝင်ဘာ ၇ ရက်နေ့  ကြာသပတေးနေ့မှာ ဖိလစ်ပိုင်ရေပြင်ကို ၀င်ရောက်လာမယ်လို့ ဖိလစ်ပိုင် မိုးလေ၀သဌာနက သတင်းထုတ်ပြန် ထားပါတယ်။ အမျိုးသား ဘေးအန္တရာယ်ကာကွယ်ရေး အေဂျင်စီဟာ ဖိလစ်ပိုင် အလယ်ပိုင်းက ခရိုင်အများအပြားကို အနီရောင်အဆင့် အထူးတပ်လှန့်မှုတွေ လုပ်ထားပါတယ်။ မုန်တိုင်းဘေး သက်ရောက်မှုခံရနိုင်တဲ့ နယ်မြေခံတွေကို ကြိုတင် နေရာ ရွှေ့ပြောင်းမှုတွေ လုပ်ထားဖို့ ဒေသဆိုင်ရာအစိုးရတွေကို  ဘေးအန္တရာယ် ကာကွယ်ရေးအရာရှိတွေက အကြံပြုထားပါတယ်။ ဟိုင်ယန် တိုင်ဖွန်းမုန်တိုင်းဟာ ၂၀၁၂ ခုနှစ်တုန်းက လူပေါင်း ၁ ထောင်ကျော် သေဆုံးခဲ့ရတဲ့ ဘိုဖာအမည်ရ တိုင်ဖွန်းမုန်တိုင်းထက် ပိုပြီး ပြင်းထန်ဖျက်ဆီးနိုင်လိမ့်မယ်လို့ အမျိုးသား မိုးလေ၀သပညာရှင်တွေက သတိပေးထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံကို နှစ်စဉ် တိုင်ဖုန်းမုန်တိုင်းအလုံး ၂၀ လောက် ပျမ်းမျှ ၀င်ရောက်လေ့ရှိပြီး တခါတရံမှာတော့ ပျက်စီးမှုတွေနဲ့ သေကျေမှုတွေ ရှိပါတယ်။ ဟိုင်ယန်အမည်ရ တိုင်ဖွန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နယ်နမိတ်ထဲ ၀င်ရောက် တိုက်ခတ် လာမယ့် ဒီနှစ်အတွင်း ၂၅ ခုမြောက် မုန်တိုင်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up