ရက်ပေါင်း (၈၀) မြောက်ချီတက်ခဲ့တဲ့ မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း
DVB
·
April 29, 2021
မန္တလေးမြို့မှာ ဧပြီလ ၂၉ ရက် မွန်းလွဲပိုင်းက စစ်အာဏာရှင် အလိုမရှိကြောင်းနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်း မန္တလေး သံဃသမဂ္ဂစစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေး သံဃသမဂ္ဂစစ်ကြောင်းဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အတားအဆီးတွေ ဘယ်လိုရှိရှိ နေ့စဉ် ချီတက်ဆန္ဒပြနေတဲ့ စစ်ကြောင်းတစ်ခုဖြစ်ပြီး ဒီကနေ့ဆိုရင် ရက်ပေါင်း (၈၀) မြောက်ထိ ရှိပြီဖြစ်ပါတယ်။
စစ်ကြောင်းမှာ မန္တလေးမြို့ လေးပြင် လေးရပ်က ဆရာတော် သံဃာတော်တွေအပြင် လူငယ်လူရွယ်တွေပါ ပူးပေါင်းပါဝင်ကြပြီး စစ်ကြောင်းကို အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ကြပါတယ်။