မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဋ ရပ်ကွက်မှာ ဧပြီ ၂၈ ရက် ညပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့တပ်တွေရဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့် ပြည်သူ့လုံခြုံရေး ကင်းစောင့်ပေးနေတဲ့ ကင်းသမား ၁ ဦး သေနတ်ကျည်ထိမှန်ခဲ့ပြီး နောက် ၁ ဦးအဖမ်းခံခဲ့ရတယ်လို့ ဒေသခံ တွေကပြောပါတယ်။
ညသပိတ်ပြုလုပ်ဖို့ လူစုနေချိန်မှာ ရဲနဲ့ စစ်တပ်ကား ၈ စီးနဲ့ရောက်ရှိလာပြီး ပစ်ခတ်ချိန်မှာ ကင်းသမားတွေ ရှောင်ချိန်မရဘဲ ၁ ဦး ကျည်ထိမှန်ခဲ့ပြီး ၁ ဦးကို ကားပေါ်ဆွဲတင်သွားတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ပုဒ်မ ၅၀၅ နဲ့အမှုဖွင့်ခံထားရတဲ့ ဆရာတော်က မိန့်ပါတယ်။
ဒုမြို့တော်ဝန်အိမ်ဗုံးပေါက်ကွဲတဲ့နေရာကို စစ်တပ်နဲ့ရဲ ကား ၁၀ စီးနဲ့လာရင်း ၈ စီးက ခုလို ရပ်ကွက်ထဲဝင်ရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
ရဲနဲ့စစ်တပ်ပြန်သွားချိန်မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ကို ပြည်သူတွေက ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်မှာ ဧပြီလ ၂၀ ရက်ကလည်း ညသပိတ်ပြုလုပ် ဆန္ဒပြနေစဉ် စစ်တပ်နဲ့ရဲက လာရောက် ဖြိုခွင်းခဲ့ပါတယ်။