တရုတ်နိုင်ငံတွင် ဗုံးကွဲ၊ ၁ ဦးသေ ၈ ဦး ဒဏ်ရာရ

photo by xinhuanet.com
တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရှီးပြည်နယ်ရဲ့မြို့တော် တိုင်ယွမ်က ကွန်မြူနစ်ပါတီ အဆောက်အဦရှေ့မှာ နိုဝင်ဘာ ၆ ရက် ဗုဒ္ဓဟူးနေ့က  ပြင်းအားနည်းဗုံးငယ်တွေ အမြောက်အမြား ပေါက်ကွဲခဲ့တာကြောင့် လူ ၁ ဦး သေဆုံးပြီး  ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရမီဒီယာ ဆင်ဟွာသတင်းအေဂျင်စီက ပြောပါတယ်။ [caption id="attachment_46039" align="alignleft" width="300" caption="photo by xinhuanet.com"][/caption] သတ္တုလုံးလေးတွေ ပြန်ကျဲနေတဲ့အပေါ် သုံးသပ်ရရင် လက်လုပ်ဗုံးတွေ ပေါက်ကွဲတာလို့ ယူဆပါတဲ့အကြောင်း ဆင်ဟွာက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ လတ်တလော ရှင်းလင်းချက် တစုံတရာ မရှိသေးပါဘူး။ ဒါပေမယ့် တရုတ်နိုင်ငံမှာ အခုလို အဖြစ်အပျက်မျိုးက အဆန်းတကြယ်တော့ မဟုတ်ပါဘူး။ ကမ္ဘာ့ ဒုတိယစီးပွားရေး အင်အားအကြီးဆုံးနိုင်ငံရဲ့ တည်ငြိမ်မှုအပေါ် အစိုးရရဲ့ စိုးရိမ်မှုတွေကို တိုးပွားစေပါတယ်။  တဖက်မှာလည်း ဆင်းရဲ၊ ချမ်းသာ ကွာဟမှု ကြီးမားလာနေပြီး ခြစားမှုတွေနဲ့ သဘာဝ ပတ်ဝန်းကျင်ကိစ္စတွေကြောင့် မကျေမနပ်ဖြစ်သူတွေ တိုးပွားနေပါတယ်။ တရုတ် လူမှုမီဒီယာတွေမှာ ပြန့်နှံ့နေတဲ့ ဓာတ်ပုံတွေထဲမှာတော့ ပါတီရုံး တည်ရှိရာ လမ်းကျယ်ကြီးမှာ မီးခိုးတွေနဲ့ ပြည့်နေပြီး မှန်ကွဲနေတဲ့ကားတွေကို တွေ့ရပါတယ်။ ပျက်စီးပုံ မရတဲ့ အဆောက်အဦးတွေ အပြင်ဖက်မှာတော့ အရေးပေါ်ထရပ်ကားတွေ ရပ်ထားတာ တွေ့ရပါတယ်။ ပေါက်ကွဲမှု ၇ ကြိမ် ဖြစ်ပွားပြီးတဲ့အခါ အဲဒီနေရာမှာ ရှိနေတဲ့လူတွေ တခြားကို ထွက်ပြေးသွားကြတယ်လို့ နယ်မြေခံတွေကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up