ငြိမ်းချမ်းရေးလုပ်ငန်းအတွက် ကျပ်ငွေ ၁ ဘီလီယံ တောင်းခံထား
DVB
·
November 6, 2013
အစိုးရက ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ဘတ်ဂျက် ကျပ်ငွေ ၁ ဘီလီယံ တင်ပြ တောင်းခံထားပြီး တကယ်လိုအပ်ချက်နဲ့ နှိုင်းယှဉ်ရင် လုံလောက်မှု ရှိမှာ မဟုတ်ဘူးလို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးသန့်ရှင်းက နိုဝင်ဘာ ၅ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
အဲဒီအထဲက ကျပ် သန်း ၁၀၀ ကို လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း လုပ်ကိုင်နေသူတွေကို ကြိုတင် ထုတ်ပေးထားတယ်လို့ ဆိုပါတယ်။
ဘတ်ဂျက် ရလာရင် ကျန်ငွေတွေကို အပစ်အခတ် ရပ်ပြီးချိန် စစ်ဒဏ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူများ ပြန်လည် နေရာချထားရေး၊ ပညာရေး၊ ကျန်းမာရေး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို နေရာချထားရေးနဲ့ စားဝတ်နေရေးကိစ္စတွေမှာ သုံးမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်မှာ ရှင်းပြပါတယ်။