မန္တလေးတိုင်း၊ မိုးကုတ်မြို့ ရေပူရပ်မှာ ဧပြီ ၂၈ ရက်နေ့က CDM လုပ်တဲ့ ကျောင်းဆရာမကို အာဏာသိမ်းစစ်ကောင်စီရဲ့အကြမ်းဖက်အဖွဲ့က လာရောက်ဖမ်းဆီးရာမှာ မတွေ့တာကြောင့် ဆရာမရဲ့ မိခင်နဲ့ အစ်ကို တို့ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားပါတယ်။
CDM ကျောင်းဆရာမရဲ့ မိခင်ဒေါ်မာနဲ့ အစ်ကိုဖြစ်သူ ကိုကျော်စွာလင်းတို့ကို လက်ရှိ မိုးကုတ်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။
ဘာနဒ်မှာ တာဝန်ကျတဲ့ အလယ်တန်းပြ ဆရာမ ဒေါ်သူဇာလင်း ဟာ စစ်အာဏာရှင် လက်အောက်မှာ အလုပ်မလုပ်လိုတာကြောင့် အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာဖြစ်ပြီး အခုအခါ ရှောင်တိမ်းနေရပါတယ်။