အဖမ်းအဆီးနဲ့ အတားအဆီးတွေရှိတဲ့ကြားကနေ ဧပြီ ၂၇ ရက် မနက်ပိုင်းမှာ အင်းစိန်လူငယ်တွေဟာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် အလံမလိပ် အသံမတိတ် မြို့အင်းစိန်သပိတ်ကို ဆင်နွှဲခဲ့ပါတယ်။
အင်းစိန် ဈေးရှေ့လှိုင်မြစ်လမ်းနဲ့ ဘုရင့်နောင်လမ်းတစ်လျှောက် လမ်းလျှောက်ချီတက်ခဲ့ပြီး အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ခဲ့ကြပါတယ်။
ရပ်ကွက် ၂၁ ခုရှိတဲ့ အင်းစိန်မြို့နယ်မှာ စစ်အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလကနေ ဒီနေ့အထိ ပစ်ခတ်ခံရလို့ သေဆုံးသူ ၉ ဦးရှိခဲ့ပြီး အကြမ်းဖက် ဖမ်းဆီးခံရတဲ့ ပြည်သူနဲ့လူငယ် တစ်ရာကျော်ရှိခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့လူငယ်တွေဟာ စစ်ကြောရေးနဲ့ အင်းစိန်ထောင်မှာ အခက်အခဲတွေ့နေကြရပါတယ်။
အင်းစိန်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေ့စဉ်လှည့်လည် ခြိမ်းခြောက်တာတွေကိုလည်း ပြုလုပ်နေပါတယ်။