ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မြို့သစ်(က/ခ)ရပ်ကွက် ခ-၈လမ်းရှိ မြောက်ပိုင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးကို ၂၆ ရက်နေ့ည ၉ နာရီလောက်က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ရဲတွေ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ မြို့နယ်ပါတီဝင်တွေက ပြောပါတယ်။
မြောက်ပိုင်းခရိုင် NLD ရုံးရဲ့ ပိတ်ထားတဲ့ တံခါးတွေကို အတင်းအဓမ္မချိုးဖျက်ဝင်ရောက်ပြီး မွှေနှောက်ခဲ့တယ်လို့ ဆိုပါတယ်။
ရုံးအောက်ထပ်အခန်းက လူငယ် ၅ ယောက်အား သံဗုံးတီးတယ်ဆိုပြီး လမ်းမပေါ်ထိုင်ခိုင်းခဲ့ကာ ၃ ယောက် ပြန်လွှတ်ပေးပြီး ၂ ယောက်ကို ဖမ်းဆီးသွားပါတယ်။
အကြမ်းဖက်စစ်တပ်က မြောက်ပိုင်းခရိုင် NLD ရုံးက ပြန်အထွက်မှာ ပါတီအလံနဲ့ ဆိုင်းဘုတ်ကို ဖြုတ်ချသွားတယ်လို့ သိရပါတယ်။