Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်အာဏာရှင်ကိုတော်လှန်နေသည့် လူငယ်များ အင်အားအပြည့်ဖြင့်ပြန်ထွက်လာ
DVB
·
April 26, 2021

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လူငယ်တွေဟာ ဧပြီ ၂၆ရက်နေ့‌ နေ့လယ်ပိုင်ငးက ရန်ကုန်မြို့ မင်္ဂလာဈေးနဲ့ ဗညားဒလလမ်းကြားမှာ အင်အားအများအပြားနဲ့ လမ်းမပေါ်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ တော်လှန်ရေးနေ့မှာ ဆန္ဒပြပြည်သူတွေအပေါ် ဖက်ဆစ်ဆန်ဆန် ဖြိုခွင်းမှုများပြုလုပ်ပြီးနောက်ပိုင်း ဧပြီ တတိယအပတ်မှာ ရန်ကုန်ရဲ့ အထင်ကရနေရာတွေ၊ မြို့လယ်ခေါင်တွေမှာ လူငယ်တွေ အင်အားအများအပြား ပြန်လည်ထွက်ပေါ်လာခဲ့တာပါ။

ဆန္ဒပြ လူငယ်တွေဟာ ပြည်သူလူထု လမ်းပေါ်ပြန်လည်ထွက်လာရေး၊ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး အစရှိတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။

Photo - / MPA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024